Pages

Sunday, May 20, 2012 at 3:24 AM Posted by မင်းသားကြီး 0 Comments

ကဲ.....ဒီတခါ သူငယ်ချင်းတို့ ကို Software နောက်တခု့  ပေးမယ် ။
သူငယ်ချင်းတို့  ကွန်ပျူတာမောက်စ်ကို  Desktop ပေါ်မှာပဲ ဖြစ်ဖြစ်  Folder တွေပေါ်မှာပဲ ဖြစ်ဖြစ်
Right Click့ နှိပ်ရင် ပေါ်လာတဲ့  Pop-up Menu  မှာ သူငယ်ချင်းတို့ ရဲ့ စိတ်ကြိုက်ပုံလေး
ထည့်ကြည့်ရအောင် ။အောက်မှာပြထားတဲ့ ပုံစံလေး ဖြစ်သွားအောင်လုပ်မှာပါ
အသုံးပြုပုံလေးပါ ရှင်းပြလိုက်မယ်နော် ။ အရင်ဆုံး ဆော့ဝဲလ်လေးကိုဒေါင်းလိုက်ပါ။

ရလာတဲ့ ဆော့ဝဲလ် Icon လေးကို   Right click တချက်နှိပ်ပါ ။(မှတ်ချက် ။ Left click ၂ချက်မနှိပ်ပါနဲ့ ။အဲဒါဆို ဆော့ဝဲလ်ကအလုပ်မလုပ်ပါဘူး ။) ။ ပြီးရင်အဲဒီ Right click Pop-up Menu ထဲမှ ဒုတိယ အကြောင်း Run as administrator လေးကိုကလစ်လိုက်ပါ။ ဒါဆိုရင်အောက်ကပုံမှာပြထားတဲ့အတိုင်းSoftwarebox လေးပေါ်လာပါမယ်။
ပြီးရင်အဲထဲမှ Install Dll ဆိုတာလေးကို ကလစ်ပါ ။ OK ဆိုပြီး  box တခု ထပ်ပေါ်ပါမယ်။အောက်မှာပြထားသလိုပေါ်ပါလိမ့်မယ် ။
အိုကေပေးလိုက်ပါ။
ပြီးရင် အောက်က  Browse Image ဆိုတဲ့ အကွက်လေးကို ကလစ်ပါ ။ပုံထည့်ဖို့  box တခု ထပ်ပေါ်ပါမယ် ။
သူငယ်ချင်းတို့ ထည့်မဲ့ ပုံရွေးရမှာဖြစ်ပါတယ် ။အောက်ကပုံအတိုင်းလေးပေါ်ပါမယ် ။
ပုံထည့်ပါ။ ပုံထည့်ပြီးရင် အဲအကွတ်လေးမှာ သူငယ်ချင်းတို့ ထည့်တဲ့ ပုံပေါ်နေပါလမ့်မယ်။ အောက်ကပုံအတိုင်းဖြစ်နေရပါမယ် ။
ပုံထည့်ပြီးရင် Apply ဆိုတဲ့ အကွတ်လေးကို ကလစ်လိုက်ပါ ။အောက်ကပုံလို box လေးပေါ်လာရင်  ok ပေးလိုက်ပါ ။ဒါဆို ပြီးပါပြီ ။
ကပ်လျက်အောက်မှာရှိတဲ့  (About နဲ့  Restar Exploer) ဆိုတဲ့ ၂ကွတ်ကတော့ နှိပ်ဖို့ မလိုအပ်ပါဘူး ။နှိပ်လဲ ဘာမှ မဖြစ်ဘူး သိချင်ရင်တော့ စမ်းကြည့်ပေါ့ ။ အားလုံးပြီးရင် အပေါ် Menu ကြက်ခြေခတ်လေးကနေ ဆော့ဝဲလ်ကို ပိတ်လိုက်လို့ ရပါပြီ ။ပြီးရင်  Folder လေးတခုပေါ် Right Click ထောက်ကြည့်လိုက်ရင်သူငယ်ချင်းတို့ ထည့်ထားတဲ့ ပုံလေးကို မြင်နေရမှာပါ ။အောက်မှာ ထည့်ထားတဲ့ ပုံလေးကို Right Click လုပ်ရင်ပေါ်တဲ့ပုံလေးပါ ။
Image ကိုကလစ်ပီး စိတ်ကြိုက်ပုံပြောင်းထည့်ပြီးရင် Apply ပေးလိုက်ရုံပါပဲ ။ကဲ....ဒါဆို အားလုံး အိုကေသွားပါပြီ ။ပုံထည့်ရင် အရောင်ဖြော့တဲ့ ပုံလေးတွေထည့်ရင် ပိုလှမှာပါ ။
ရှင်းတာ ရှင်းပြတာ ကိုယ့်ဘာကိုယ်လုပ်တတ်မယ်လို့ ထင်ပါတယ် ။ ထက်ထက်ရှင်းပြတာမှ ပိုရှုပ်နေမလား မတိဝူး ..........:D ။
ဒေါင်းဖို့ အောက်မှာ Link ၂ခုပေးထားပါတယ် ။
http://www.mediafire.com/?16x5u437lkmw10y
ဆော့ဝဲလ်လေးက Portable ဆိုတော့ သုံးရတာ ပေါ့ပါးတာပေါ့ဗျာ ။ဒေါင်းရတာလဲ မကြာပါဘူး ။
နက်ကောင်းရင် ၁ မိနစ်လောက်နဲ့ရတယ် ။မကောင်းရင်တော့ ၅ မိနစ်လောက်ပေါ့ ။
အားလုံးပဲ ကြိုက်ကြမယ် အဆင်ပြေမယ်လို့  မျှော်လင့်ပါတယ် ။

Wednesday, March 14, 2012 at 12:53 PM Posted by မင်းသားကြီး 0 Comments

http://www.yourdigitalspace.com/2011/01/best-free-blogger-templates-for-2011/

Friday, March 9, 2012 at 5:21 AM Posted by မင်းသားကြီး 0 Comments


မျက်လုံးပိတ်
သံပြိုင်ဆဲလည်း
အုပ်စုဆိုတဲ့စကားအရ အများဆန္ဒတော့ ဖြစ်မယ်။

ဒါပေမဲ့

ရိုင်းစိုင်းကြတာလား
ကိုင်းရှိုင်းကြတာလား
တို့ နိုင်ငံရေးမှာ
ထိလို့မရတဲ့ ဘုရားတွေရယ်
ညှိလို့မရတဲ့ ငဖားတွေရယ် များတယ်။


                                                                                                          (ကောင်းကင်ကို)

Thursday, February 23, 2012 at 7:16 AM Posted by မင်းသားကြီး 0 Comments

မိန်းကလေးရေ.....................ခေတ်ဆိုတဲ.စကားတစ်လူံးနဲ.
ဒို.ဗမာတွေ.....အမြစ်ကိုခြစားခံရတော.မယ်။
အမြင်မတော်...ဆင်တော်နဲ.ခလောက်ဆိုသလို
မင်းတို.တွေအမြင်ချော်နေလို. ငါကပဲအရင်ဖော်ပါရစေ။


punk;hip hop;rock....ဆိုတာဂီတာတွေပါ။
music....ကိုမူးယစ်တာသဘာဝပါ
အရူးဖြစ်အောင်တော.မကဲကြပါနဲ.....ငါတို.ဟာဗမာ။



တစ်ခေါင်းလုံးမှာအရောင်တွေတောက်လို.
ဒို.ဗမာ အိနြေ္ဓအမှောင်ဆီရောက်တော.မယ်
ရောင်ချည်လောက်တောချန်.ခဲ.ကြပါ။



world globallizationခေတ်မှာ သွားပေါ်အောင်ရယ်နိုင်ကြပေမယ်.
ခါးပေါ်အောင်ဝတ်တာတွေဟာ မသတီစရာဆိုတာ
ပလီပလာမာယာတွေနဲံ. မညှင်းချင်ပါနဲ............ငါတို.ဟာဗမာ။



မင်းတို.ရဲ.စကပ်အတိုတွေ ပုရိသတို.
ရမ္ပက်ပိုစေဖို.များ ရည်ရွယ်ကြလေသလား။



ဝတ်တာက........over ဒူး
စီးတာက...........busကား
နင်းတာက.........japanဘီး
တက်တာက... လှေခါးထစ်

မင်းတို.ရဲ.သဏ္ဍာန်အလှတွေ ပနံရရဲလား....ဖြေပါ။


ငါစေတနာကိုဝေဒနာထင်ပြီး အစွယ်လာထွက်ပြမနေနဲ.
အမြင်မှာမသာယာလို. ငါရင်နာနာနဲ.ပဲရေးမိတယ်။
မင်းစိတ်မှာထင်သာအောင် တွေးလို.
ပြင်စရာတွေးမိရင်......ငါကျေနပ်တယ်။



ငါ.အတွက်ကတော.ကိုယ်ထမင်းကိုယ်စားပြီး
ကြီးတော်နွားကျောင်းမိတာပါကွာ။

at 3:05 AM Posted by မင်းသားကြီး 0 Comments

ကောင်မလေးရေ
တစ်မိုးအောက် တစ်ယောက်ဆိုတာ
နင့်ကိုပြောတာပါ
နင့်အပြင် နောက်တစ်ယောက်ဆိုတာ
အိပ်မက်ထဲမှာတောင် မရှိစေရဘူး
ရှိခဲ့ရင်တောင်
အဲဒါဟာ
နင့်ရဲ့အရိပ်ဘဲ ဖြစ်လိမ့်မယ်
ဒီရင် ခုန်နေသရွေ့ ...  ...

at 3:02 AM Posted by မင်းသားကြီး 0 Comments

အနှစ်သာရ ပြည့်ဝတဲ့ ဘ၀တစ်ခုရရှိဖို့
လူတိုင်းအတွက်...
မက်ရမယ့် အိမ်မက်တစ်ခု
တွဲရမယ့် လက်တစ်ဖက်နဲ့
ချစ်ရမယ့် ချစ်သူတစ်ဦး လိုအပ်ပါသတဲ့ကွယ်..။


Every person needs
A dream to dream
A hand to hold
And a love to love
For life to have a meaning.


===============================


ပျော်ရွှင်မှုရဲ့ လျို့ဝှက်ချက်ဟာ
ပေးဆပ်လိုက်ရတဲ့ မေတ္တာတရားထဲမှာ
ကိန်းဝပ်နေတယ်... လို့ ဆိုတယ်..။


The Secret of happiness
Is embedded
In the love you give.


==================================


နှလုံးသားဆိုတာ
စိတ်ကူးအိမ်မက်တွေရဲ့
နေအိမ်ပေါ့ကွယ်..


The heart
Is the home
Of dreams.


================================


စကားလုံးတစ်ထောင်နဲ့
နှလုံးသားကို ယိမ်းယိုင်အောင်
စွမ်းဆောင်လို့ မရနိုင်ပေမယ့်...
အချစ်ရဲ့ အကြည့်တစ်ချက်ကတော့
နှလုံးသားကို လဲပြိုကျသွားစေနိုင်ပါတယ်။


A thousand words
Could not sway a heart,
But a glance of love
Could bring it crushing down.


=============================


ဒီလောကကြီးမှာ
ပေးဆပ်ဖို့ အလွယ်ကူဆုံးဖြစ်ပေမယ့်
ရယူဖို့ အခက်ခဲဆုံးအရာဟာ
မေတ္တာပါတဲ့ကွယ်..။


The easiest thing to give
Yet the hardest to get
In this world is love.


===============================


ဘ၀မုန်တိုင်းဒဏ်
ကြံ့ကြံ့ခံနိုင်လောက်တဲ့ ခွန်အားတွေကို
အချစ်က နှလုံးသားအတွက်
ဖန်တီးပေးပါတယ်...


Love makes the heart
Strong enough to withstand
The storms of life.


==============================


အချစ်ဆိုတာ ကြိုတင်အကြောင်းကြားပီး လာခဲတယ်..
အချစ်ဆိုတာ တံခွန်ထူ အလံလွင့်ပြီး လာခဲတယ်..
သဲသောင်ပြင်ပေါ်မှာ
ကြောင်တစ်ကောင် ဖွဖွလေး လျှောက်လာသလို
အနားကို အသာအယာချဉ်းကပ်ပြီး
လက်ကို ညင်ညင်သာသာလေး ဆွဲယူတတ်လေရဲ့။


Love seldom comes heraled
Love seldom comes waving banners.
Stealthy, like a cat walking on sand,
It approaches you and
Gently takes you by the hand.


==================================


မကြည်ဖြူသူ တစ်ဖက်လူရဲ့ အမြင်မှာ
အဖြူရောင်က ဖွေးလွန်းနေလိမ့်မယ်။
အနက်ရောင်က မှောင်လွန်းနေလိမ့်မယ်။


From the perspective of
One in dislike,
White will be too bright.
Black will be too dark.


===============================


မင်္ဂလာည ဖြစ်ပါစေ..
အိမ်မက်လှလှမက်ပါစေ..
ဒီနေ့နဲ့ မနက်ဖြန်ရဲ့ကြားက
ကာလလေးမှာ
သောက ကင်းကွာ နေနိုင်ပါစေကွယ်...




Have a good night.
Dream a sweet dream.
Let the interlude between
Today and tomorrow
Be without a shade of sorrow.


===============================


ပန်းတိုင်ဆီ ဦးတည်တဲ့ ခရီးကို
ခြေတစ်လှမ်းနဲ့ အစပြုတယ်...။
နှလုံးသားဆီ ရည်ရွယ်တဲ့ခရီးလမ်းကို
အပြုံးပန်းတစ်ပွင့်နဲ့ အစပြုတယ်နော်..။


A journey to a destination
Is started with a single step.
The way to the heart
Is begun with one single smile.


===============================



Wednesday, February 22, 2012 at 1:38 PM Posted by မင်းသားကြီး 0 Comments

ငါသဘောကျတဲ့
နတ်သမီးလေးတစ်ပါးရှိတယ်
အဲ့နတ်သမီးလေးက...လမ်းကူးတာတောင်
မျဉ်းကြားကပဲကူးတဲ့
စည်းကမ်းရှိစနစ်ကျသူဖြစ်တယ်...
ဒီလိုနဲ့
ငါလမ်းကူးတိုင်းမျဉ်းကြားကပဲကူးဖြစ်တော့တယ်....

အဲ့ဒီနတ်သမီးလေးကအပျင်းလဲ
ထူသေးတယ်ဆိုပဲ......

မျက်လုံးပြူးပြုးလေးနဲ့ဆိုတော့
ငါ့မှာငှက်မျက်ပြူးလေးတွေတွေ့ တိုင်းသတိရရတယ်....

ခိုးခိုးကြည့်ရတဲ့ဓါတ်ပုံတွေထဲ
နင့်ကိုပြောချင်တာကနတ်သမီးလေးရယ်
....   ....   ....   ....

....   ....   ....   ....

ဒီလိုနဲ့ငါဘာမှမပြောဖြစ်လိုက်ပါဘူး.....

နင်ကRapသီချင်းတွေမကြိုက်ဘူးဆိုတာနဲ့
ဘာမှမဆိုင်ဘဲငါRapperတွေကိုကြည့်မရဖြစ်တတ်တယ်...

နင့်ကိုကိုက်တဲ့ခြင်တွေကိုမုန်းရင်းနဲ့
ခြင်ဆေးကြော်ငြာတွေကြိုက်လာခဲ့တယ်...



နင်ပြောခဲ့တဲ့...
ဘ၀မှာအချစ်ဆိုတာဘယ်နှရာခိုင်နှုန်း(%)
အရေးပါလို့လဲ..ဦးနှောက်နဲ့စဉ်းစားပါဆိုတာလေးကို
တရေးရေးတွေးရင်း.....
လေးဖြူရဲ့သီချင်းလို...
တိုက်ဆိုင်မှုတွေရှိတဲ့တဒင်္ဂလေးတွေမှာတော့
အမှတ်တမဲ့   နင့်ကို လွမ်းမိပါရဲ့ ....

ခုချိန်ထိတော့
ဦးနှောက်နည်းတဲ့ငါ....လေ
နင်နဲ့...တဖြည်းဖြည်း....ဝေး................ဝေးနေဆဲ.... ။                          ။

                                                                                                    ကြယ်